ရည်​ရွယ်​ချက်​ - Shwe Myanmar Lay Literature Talk

Thursday 4 November 2100

ရည်​ရွယ်​ချက်​

ဒီ Post ကလေးကိုလုပ်ဖြစ်တဲ့ အဓိက ရည်ရွယ်ချက်က ကျွန်တော်တို့ မြန်မာနိုင်ငံသားများ အားလုံးအတွက် အသိပညာလေ့လာဆည်းပူးနိုင်ရန် မိမိတတ်နိုင်တဲ့နေရာမှ တစ်တပ်တစ်အားပါဝင်ဆောင်ရွက်ရန် ရည်ရွယ်ပါသည်။ ဗဟုသုတ ရှာဖွေသူများအတွက် အဓိက ပထမ လုပ်ဆောင်ရမည့်အလုပ်မှာ တန်ဖိုးရှိစာပေများကိုလေ့လာဖတ်ရှုခြင်းဖြစ်ပါသည်။ စာဖတ်ခြင်းဟုဆိုရာတွင် မျက်လုံးဖြင့်သာစာဖတ်နိုင်ခြင်းမျိုး မဟုတ်ပဲ၊ အကြားအာရုံဖြင့်လဲစာဖတ်နိုင်ပေသည်။ ယနေ့မျက်မှောက်ကာလတွင် စာပေနှင့် ပါတ်သက်သည်များကို ဟောပြောနေကြသော စာပေပညာရှင်များ၏ အနုပညာမြောက်စွာ စေတနာရှေ့ထား နိုင်ငံတစ်ဝှမ်းအနှံ့ ဟောပြောမှုများကို နားထောင်ယုံဖြင့်ပင် အသိပညာ ဗဟုသုတ တစ်ဖက်တစ်လှမ်းက ရှာဖွေနိုင်ပေရာ တစ်စုတစ်စည်းတည်းလေ့လာနိုင်စေရန် စေတနာဖြင့် ဖန်​တီး​ပေးထားခြင်​းဖြစ်​ပါသည်။ အား​ပေး​လေ့လာကြသူအားလုံးကို Shwe Myanmar Lay မှအထူး​ကျေးဇူးတင်ရှိပါသည်​။